လဲချား ဇန်နဝါရီ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ် (tennis) ပြိုင်ပွဲကို ယနေ့နံနက်၁၀ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးနန်းတင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှု့အားပေးခဲ့ကြပြီး စားပွဲတင်တင်းနစ်(tennis)ပြိုင်ပွဲကို အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ ပြိုင်ပွဲဝင်အသင်း (၅) သင်းစီဖြင့် ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဆုရအသင်းများအား (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)