တွံတေး ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တွံတေးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဥ်(၂/၂၀၂၄)ဆင်းပွဲကို ဒီဇင်ဘာလ (၃၁) ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၂)မြို့မ(တွံတေး)၊ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် တွံတေးခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာကြီးအောင်၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးသန်းဝင်းလှိုင်၊ အ.ထ.က (၂) မြို့မတွံတေး ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်တို့က သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းတွင် ဆုရရှိသူများအားဆုများ ပေးအပ်ချီးမြှင့်ရာပထမဆုရရှိသော မရှုမဝအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်းကလည်းကောင်း၊ ဒုတိယဆုရရှိသူ မဇွန်မိုးမြတ်အားတွံတေးခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာကြီးအောင်ကလည်းကောင်း၊ တတိယဆုရရှိသော မသင်းဝတ်ရည်ထွန်းအား ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော မောင်ဇင်ကိုအောင်အား တွံတေးခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆန်းထွန်းတို့ကလည်းကောင်း ဆုများအသီးသီးပေးအပ်ကာ သင်တန်းဆင်းအောင် လက်မှတ်များနှင့် ကျောင်းအုပ်ဆရာကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။
တွံတေးသား