ကျောက်ဆည် ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြပြီး ကြက်သွန်အဖြူ/အနီများလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ တောင်နောက်ကျေးရွာ တောင်သူဦးကျော်အောင် စိုက်ပျိုးထားသော ကြက်သွန်အနီစိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကြက်သွန်နီစိုက်ပျိုးတောင်သူများအနေဖြင့် ဥအဝိုင်း(ရွှေဖလား) ဒေသအခေါ် မြစ်သားကြက်သွန်နီ မျိုးများအဓိကထားပြီး စိုက်ပျိုးကြကြောင်းနှင့် သတင်းကျွတ်လဆန်းပိုင်းမှစတင်ကာ ပျိုးပင်များ စတင်ပျိုးထောင်၍ ရက်ပေါင်း(၄၀)အရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးကြောင်း ကြက်သွန်တစ်ဧက ပျမ်းမျှအားဖြင့် ပိဿာချိန်(၂၇၀၀)ထွက်ရှိကြောင်း၊ ထိပ်မောက်(မြင်းခြံ)ကြက်သွန်မျိုးသည် ပိဿာ(၃၀၀၀)နီးပါးထွက်ရှိကြောင်း သိရှိပြီး ကြက်သွန်အသစ်များများ ထွက်ရှိပြီဖြစ်၍ ကြက်သွန်ဥအသေး တစ်ပိဿာ ငွေ(၂၅၀၀)ကျပ်၊ ကြက်သွန်ဥအကြီးငွေ(၄၂၀၀)ကျပ်ဖြင့်ရောင်းချရသဖြင့် ကြက်သွန်နီစိုက်ပျိုးအောင်မြင်သူများ အဆင်ပြေလျက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)