အမရပူရ ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့မဘောလုံးကွင်းအတွင်း၌ ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။
အဆိုပါဖူဆယ်ဘောလုံးပြိုင်ပွဲကို ၅ ပေအောက် ပေါင် ၉၀ ရှိ ခေတ်သစ်လူငယ်ကစားသမား သာပါဝင်ယှဥ်ပြိုင်စေခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ကျင်းပရခြင်းမှာ ခေတ်သစ်လူငယ်ကစားသမားလေးများပေါ်ပေါက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲအဖြစ် မြို့မအသင်းနှင့် ဧရာဦး(က) အသင်းတို့ယှဥ်ပြိုင်ကစားကြရာ မြို့မအသင်းမှ ၄ ဂိုး၊ ဂိုးမရှိ အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ယင်းဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း ၈ သင်းပါဝင်ကစားပြီးအနိုင်ရအသင်းများအား ဇန်နဝါရီလ ၄ ရက်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲအပြီး ဆုချီးမြှင့်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများစွာ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စိုးသီဟ(အမရ)