ပေါင် ဒီဇင်ဘာ ၃၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ် နှစ်သစ်ကိုကြိုဆိုသောအားဖြင့် စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့်စည်ကားလျက်ရှိရာ ယနေ့နံနက်မှ စတင်ကျွေးမွေးလျက်ရှိသည်။
နှစ်စဉ်ဒီဇင်ဘာလ(၃၁)ရက်နေ့ရောက်တိုင်း မြို့နယ်အတွင်းရှိ နေရာအများစုတွင် ဒေသခံပြည်သူများမှ ထမင်းဟင်း၊ မုန့်ဟင်းခါး၊ အအေးမျိုးစုံ၊ မုန့်မျိုးစုံတို့ကို စေတနာထက်သန်စွာဖြင့် စတုဒိသာကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ထို့ပြင် ဆံတော်ရှင်ဇင်းကျိုက်၊ ထန်းပင်ချောင်ကြီးကျေးရွာရှိ ဗောဓိတစ်ထောင်စေတီတော်မြတ်ကြီး၊ ကျိုက်ပေါင်းဆံတော်ရှင်အစရှိသည့် ဘုရားစေတီများ၌ စည်ကားလျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)