ကလော ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မြို့နယ်အားကစားကွင်း၌ ယနေ့ နံနက် ၈ နာရီခွဲက နှစ်သစ်ကူးဈေးရောင်းပွဲတော်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နှစ်သစ်ကူးဈေးရောင်းပွဲတော်သို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ ရောက်ရှိနေရာယူခဲ့ပြီး ဆယ့်နှစ်လပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော် ဆိုင်းဘုတ်အား ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင် ၊မြို့မိ၊ မြို့ဖ ဦးစိုးမင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
နှစ်သစ်ကူးဈေးရောင်းပွဲတော်ကျင်းပသော ညီနောင်မိတ်ဆွေကုမ္ပဏီမှ ဦးဆောင်၍ ဆယ့်နှစ်လပွဲ ဈေးသည်များက လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ လာရောက်ရောင်းချလျက်ရှိပြီး အပျော်စီးပင်လယ်ဓမြနှင့် ကလေးစီးချားရဟတ်တို့ပါဝင်ကြောင်း၊ နှစ်သစ်ကူး ဈေးရောင်းပွဲတော်ကို ညပိုင်းတွင် DJ အဖွဲ့နှင့် အဆိုတော်များဖြင့် ပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကလောမြို့ကို လာရောက်အပန်းဖြေလည်ပတ်ကျမည့် ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ နှစ်သစ်ကူးပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွဲနိုင်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
နှစ်သစ်ကူးကာလအစိုးရရုံးပိတ်ရက်ရှည်တွင် ကလောမြို့ကို လာရောက်လည်ပတ်ကျမည့် ခရီးသွားဧည့်သည်များအတွက် လည်ပတ်နိုင်စရာများကတော့ ကလောနှီးဘုရား၊ ရွှေဥမင်သဘာဝလိုဏ်ဂူ၊ မြင်းမထိသဘာဝလိုဏ်ဂူ၊ သူရဲဥမင်လိုဏ်ဂူ၊ ကလောဘူတာ၊ နာရီစင်၊ ကလောမြို့မဈေးနှင့် ဗျူးပွိုင့်များဖြစ်သည့် kalaw view point ၊ ရေယောင်းမ view point ၊kalaw city view၊ တောင်မင်းကြီးခုံပြာ၊ မြင်းကအိုးစည်တောင်၊ ဗျိုက်တောင်နှင့် အခြားလည်ပတ်စရာနိုင်စရာများရှိကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)