မုဒုံ ဒီဇင်ဘာ ၃၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက အားကစား ပြိုင်ဝင်းအတွင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို မုဒုံမြို့နယ်အားကစားနှင့် ကာယပညာကော်မတီ၊ မြို့နယ်ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ လူငယ်လူရွယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြတ်စေရေးနှင့် ပြည်နယ်အတွင်းအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဖူဆယ်ဘောလုံးအသင်းရှစ်သင်းတို့မှ လေးအုပ်စုခွဲ၍ ပတ်လည်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး (ဒုတိယနေ့) ပွဲစဥ်တွင် MOEP F.C၊ Happy Brother F.C၊ Yantan F.C၊ ဘော်ဒါ F.C ဖူဆယ်ဘောလုံးအသင်းတို့က ယှဥ်ပြိုင်လျက်ရှိရာ ဗိုလ်လုပွဲစဥ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၄)ရက် လွပ်လပ်ရေးနေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)