ချောင်းဆုံမြို့နယ်၌ (၈၇)နှစ်မြောက်  ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ချောင်းဆုံ ဒီဇင်ဘာ ၃၀

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည့်အနက် ကရင်တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက  နှီးမုတ်ကျေးရွာတွင် ကရင်အမျိုးသားအလံကို လွှင့်ထူခြင်းနှင့် (၈၇) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်တိုင်းရင်းသားများ စုပေါင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

အခမ်းအနားကို နံနက်(၉)နာရီတွင် ဆက်လက်ကျင်းပရာ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးထံမှ  ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ဖတ်ကြားကာ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့သောသဝဏ်လွှာအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးဝင်းက ဖတ်ကြားခဲ့ပြီးနောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မြန်မာဘာသာ၊ ကရင်ဘာသာတို့ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနား ဖြစ်မြောက်ရေး၊ ကရင်စာပေနှင့် ယဉ်ကျေးမှုလုပ်ငန်း ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်း များတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီး အခမ်းအနား ကျင်းပရေးကော်မတီ တာဝန်ရှိသူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် ကျေးရွာအလိုက် အကအဖွဲ့များမှ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေကြရာ ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)