(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ လှည်းကူးမြို့နယ်၌ ကျင်းပ

လှည်းကူး ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို အသိ ပညာပေးဟောပြောခဲ့ပြီး ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကင်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ(၂၀)ဦးကလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ ပန်းချီဆွဲပြိုင်ပွဲနှင့် ညဏ်စမ်းပဟေဠိ ပြိုင်ပွဲများအား ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက (၇၇) နှစ်မြောက်လွတ် လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)