ပြင်ဦးလွင် ဒီဇင်ဘာ ၂၉
ကျန်းမာကြံ့ခိုင်သော နိုင်ငံသားများဖြစ်လာစေရန်အတွက် အေးမြသောဆောင်းဟေမာန်ရာသီ၏ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်ခန့်က ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲကို စုပေါင်းရုံးလမ်းနှင့် မြို့ပတ်လမ်းဆုံစုရပ်မှ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အားကစားမှူးတို့မှ ဦးဆောင်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/သူများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများပါဝင်သော အင်အား (၁၄၅၀)ဦးခန့်တို့က နံနက် (၅:၄၀) နာရီက စတင်ထွက်ခဲ့ရာ စုပေါင်းရုံးလမ်းဆုံမှ မြို့ပတ်လမ်းအတိုင်း၊ ဈေးလေးမီးပွိုင့်မှ မန္တလေး-လားရှိုးလမ်းအတိုင်း ခရိုင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကြရာ ခရိုင်အားကစားကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ကြပြီး စုပေါင်းလူထုလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား အကြော်နှင့် ကောက်ညှင်းပေါင်းတို့အား ကျွေးမွေးဧည့်ခံပြီး Zumba အကနှင့်အတူစုပေါင်းလှုပ်ရှားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)