သာစည်မြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

သာစည် ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၌ လူထုစုပေါင်းလမ်းလျှောက်ပွဲ နောက်ဆုံးပတ်အနေဖြင့် ယမန်နေ့နံနက် ၅ နာရီခွဲက စုပေါင်း လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

စုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုရပ်ဖြစ်သော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနရုံးရှေ့မှစတင်၍ တောင်ကြီး-မိတ္ထီလာကားလမ်းအတိုင်း သာစည်မြို့ အနောက်ဘက်အထွက်လမ်းအနီးရှိ ဝေယံစတားစက်သုံးဆီဆိုင်ရှေ့အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အဆိုပါ ဆိုင်ရှေ့တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စုပေါင်းလမ်းလျှောက်အဖွဲ့ကို ကောက်ညှင်းပေါင်းနှင့် အကြော်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)