မြစ်ကြီးနား ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီက ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြို့တွင်းလမ်းများအတိုင်း မနောကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီး မနောကွင်းအတွင်း လေ့ကျင့်ခန်းကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းဝန်ထမ်းများ၊ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ အခြေခံပညာ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက် ပြည်သူ့အားကစားကွင်း အထူးတန်းပွဲကြည့်စဉ်ရှေ့ စုရပ်မှ ရုံးကြီးလမ်း၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း လမ်းလျှောက်ခဲ့ကြပြီး စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြကာ မနောကွင်းအားပတ်၍ တပျော်တပါး စုပေါင်းလမ်း လျှောက်ခဲ့ကြပြီး မနောကွင်းရင်ပြင်၌ ကိုယ်ကာယလေ့ကျင့်ခန်း အတွဲအမှတ် (၁)နှင့် (၂) လေ့ကျင့် ခန်း၊ Fitness Dance တို့ကို အတူတကွ စုပေါင်းလေ့ကျင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ လမ်းလျှောက်ပွဲ ပါဝင်သူများသည် မနောကွင်းအတွင်းမှတစ်ဆင့် မနောကွင်းအရှေ့ဘက်ရှိ ဧရာဝတီမြစ်ဆိပ်၌ ပြည်နယ်အစီအစဉ်ဖြင့် အများ ပြည်သူအပန်းဖြေနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီရှုခင်းသာအပန်း ဖြေစခန်းသို့ တပျော်တပါး သွားရောက်ခဲ့ကြပြီး ဧရာဝတီမြစ်ကမ်းဘေး အပန်းဖြေစခန်းအတွင်း ကျောက်လုံးရင်ပြင်နှင့်အပန်းဖြေတဲများ၊ ပန်းခင်းများ၊ ဝါးတံတားများဖြင့် သာယာလှပစေရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများအတွက် အိမ်သုံ ပစ္စည်းများကို ကံစမ်းမဲဖောက်၍ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ် ကွက်အတွင်းရှိ နံနက်ဈေး၌ ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ အခြေခံ စားသောက်ကုန်များနှင့် အသား/ ငါးများအား ပြင်ပပေါက်ဈေးထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် သက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် သက်သာချောင်ချိ ရေးဈေးရောင်းပွဲသို့ သွားရောက်ပြီး ဈေးအတွင်း ကြက်၊ ဝက်၊ အမဲ၊ ကြက်ဥ၊ ဘဲဥနှင့် သမဝါယအသင်းချုပ်မှ ပဲဆီ၊ နှမ်းဆီနှင့် မုန်ညှင်းဆီများ ရောင်းချပေးနေမှု၊ ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်းမှ ဆန်များ ရောင်းချပေးနေမှု၊ ကချင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီရောင်းချပေးနေမှု အခြေအနေများနှင့် ဈေးနှုန်းလျှော့ချရောင်းပေးနိုင်မှု အခြေ အနေများကို မေးမြန်းဆွေးနွေးပေးခဲ့ကြပြီး ဈေးဝယ်လာရောက်သည့် ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်အားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ နိုင်ငံ့ရတနာခန်းမ၌ သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)မှ ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက်၊ အကြိမ်(၂၀)နှင့်အထက် စေတနာသွေးလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက် သည်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စေတနာသွေးလှူရှင်များအနေဖြင့် သွေးလိုအပ်လျက်ရှိသော လူနာများအတွက် ဘာသာ၊ လူမျိုး၊ အရောင် ခွဲခြားမှုမရှိဘဲ မိမိတို့၏ သွေးများကို အမြဲလှူဒါန်းပြီး အသက်များစွာကို ကယ်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ပေးကြသော သူများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သွေးသည် အသက်ဖြစ်ပြီး သွေးဖြင့် အသက်ကို ကယ်တင်သူများအဖြစ် စေတနာသွေးလှူရှင်များကို အမြဲလေးစားဂုဏ်ယူအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)ဥက္ကဋ္ဌ ဦးတွမ်ပီချင်းက သွေးဖောင်ဒေးရှင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပဉ္စမအကြိမ်အဖြစ် စေတနာသွေးလှူရှင်များအား ဂုဏ်ပြုပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သွေးဖောင်ဒေးရှင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် အကြိမ်(၂၀)နှင့်အထက် အကြိမ် (၇၀)ကျော်အထိ သွေးလှူဒါန်းပေးခဲ့ကြသော လူပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖောင်းဒေးရှင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကလည်း စေတနာသွေးလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သွေးလှူရှင်များနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သွေးဖောင်းဒေးရှင်း၏ လှုပ်ရှားခဲ့မှု အမှတ်တရ ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)