အလုံမြို့နယ်တွင် စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

အလုံ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၅)နာရီအချိန်က နှင်းဆီလမ်းထိပ်တွင် စုရပ်ပြုလုပ်ပြီး ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့်  အောက်ကြည့်မြင်တိုင်လမ်း၊ သခင်မြပန်းခြံလမ်း၊ ကမ်းနားလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ မြို့နယ်စည်ပင်ဘောလုံးကွင်းတွင် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်း ပြုလုပ်ခဲ့ပြီး စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဟားခါးပညာရေးကောလိပ်မှ သင်တန်းသားများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား ၁၅၀ ဦး စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (မြို့နယ်ပြန်/ဆက်)