ကမာရွတ်မြို့နယ်တွင် ၂၀၂၄-ခုနှစ် ဒီဇင်ဘာ အားကစားလ (နောက်ဆုံးပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကျင်းပ

ရန်ကုန်   ဒီဇင်ဘာ  ၂၉

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယမန်နေ့နံနက် (၅)နာရီခွဲအချိန်က ကမာရွတ်မြို့နယ် ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအားကစားလ(နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုအားကစားလ(နောက်ဆုံးပတ်) စုပေါင်းလမ်းလျှောက်ပွဲတွင် ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ/ဆရာမများ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများက ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက် ရှိတက္ကသိုလ်ရိပ်သာလမ်းမကြီး၊ အင်းယျားလမ်း၊ သထုံလမ်းအတိုင်း တက္ကသိုလ်များ ဘောလုံးကွင်းထိ ပျော်ပျော်ပါးပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး တက္ကသိုလ်များဘောလုံး အားကစားကွင်းတွင် စုပေါင်းကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)