တိုက်ကြီးမြို့နယ်၌ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

တိုက်ကြီး ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီခွဲက ဗောဓိကုန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းရှေ့မှစတင်ပြီး ရန်ကုန်-ပြည်ကားလမ်းအတိုင်း ဂျိုးဖြူကျေးရွာအုပ်စု မြတ်မင်္ဂလာဆီဆိုင်ရှေ့အထိ  စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဒီဇင်ဘာအားကစား လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူစုစုပေါင်း ၅၀၀ ဦးတို့ ပါဝင်ဆင်နွှဲကြပြီး ဘူတာရပ်ကွက် ဂျိုးဖြူဘောလုံးကွင်းအတွင်း၌ ကိုယ်လက်လှုပ်ရှားမှုအားကစား လေ့ကျင့်ခန်းများကို စုပေါင်းပါဝင်ခဲ့ကြသည်။

အလားတူ ဥက္ကံမြို့နှင့် အဖျောက်မြို့တွင်လည်း သတ်မှတ်စုရပ်နေရာများမှ မြို့အုပ်ချုပ်ရေးမှူးများဦးဆောင်၍ ၀န်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက ဒီဇင်ဘာအားကစား လူထုလမ်းလျှောက်ပွဲတွင် စုပေါင်းပါဝင်ဆင်နွှဲကြောင်း သိရသည်။   

တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ဒီဇင်ဘာအားကစားလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလအတွင်း အပတ်စဥ် စနေနေ့တိုင်း သတ်မှတ်စုရပ်နေရာမှ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)