အလုံမြို့နယ်၌ သတင်းစာဆရာအသင်း ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းနှင့် စာရေးဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

အလုံ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင်သတင်းစာဆရာ အသင်းပြန်လည်ရွေးချယ် တင်မြှောက်ခြင်းနှင့် စာရေးဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်၊ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းလေးက လူမှုကူညီရေးအဖွဲ့မှ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အလုံမြို့နယ်သတင်းစာဆရာအသင်းဥက္ကဌဦးအောင်စိုးက မြို့နယ်အသင်း၏ အခြေအနေနှင့်ဆောင်ရွက်မှုများကို ရှင်းလင်းခဲ့ပြီး အလုံမြို့နယ် သတင်းစာဆရာအသင်း၏ အမှုဆောင်စာရင်းဖတ်ကြားခြင်း၊ တိုင်းဒေသကြီးသတင်းစာဆရာအသင်းမှ အတည်ပြုကြောင်း ကြေညာခြင်း၊ မြို့နယ်အလုပ် အမှုဆောင်များ ကတိသစ္စာခံယူခြင်းနှင့် တိုင်းညီလာခံ ကျင်းပနိုင်ရေးအတွက် အလှူငွေပေးအပ်ခဲ့ရာတိုင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကနှုတ်ခွန်းဆက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း၊ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သတင်းစာဆရာအသင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (မြို့နယ်ပြန်/ဆက်)