ရွာငံမြို့မဈေးတွင် မီးလောင်/မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ

ရွာငံ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြို့မစျေးအား မီးလောင်/မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၈)နာရီခွဲက မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းဇော်ဦး ဦးဆောင်သော သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ စျေးတာဝန်ခံဝန်ထမ်းများ ပူးပေါင်း၍ စျေးမီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် စျေးသူ/စျေးသားများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာဗဟုသုတများရရှိစေရေးအတွက် မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)