နမ့်စန်(တ) ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီကကျင်းပရာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီး လင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။
အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးနှင့် အဖွဲ့သည် လမ်းလျှောက်ပွဲ စုရပ်ဖြစ်သည့် အမှတ်(၅)ရပ်ကွက် မြို့နယ်ခန်းမရှေ့မှစတင်ကာ ပြည်ထောင်စုလမ်းမတလျှောက် မက်မွန်မုန်းကျေးရွာအုပ်စု၊ အမှတ်(၂)ကျေးရွာအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အမှတ်(၂) ရပ်ကွက် အ.ထ.က(နမ့်စန်)ဘောလုံးကွင်းအတွင်းတွင် ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)