ပေါင်မြို့နယ်၌ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

ပေါင် ဒီဇင်ဘာ ၂၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်လမ်းလျှောက်ခဲ့သည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မှစတင်ကာ ကမ္ဘာအေးဘုရားလမ်း၊ အောက်လမ်းမကြီး၊ဇော်လေးပင်လမ်းမှ မြို့နယ်အားကစားရုံသို့ စုပေါင်း၍ လမ်းလျှောက်ပြီး မြို့နယ်အားကစားရုံးရှေ့သို့ တပျော်တပါးစုပေါင်းလမ်းလျှောက်ကာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း အတွဲ (၁)၊ အတွဲ(၂)များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)