ရမည်းသင်း ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ စုရပ်မှစတင်ကာ ခရိုင်ပြည်သူ့အားကစားကွင်းထိ တပျော် တပါးစုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ခရိုင်ပြည်သူ့အားကစာကွင်းအတွင်း၌ စုပေါင်းလမ်းလျှောက်ကြသည့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အာကစာဝါသနာရှင်များ စုပေါင်း၍ ကိုယ်ကာလေ့ကျင့်ခန်း အတွဲ(၁)/(၂)ကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါစုပေါင်းလမ်းလျှောက်ပွဲတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်ပြည်သူများ စုစုပေါင်း (၅၀၀) ကျော် စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)