ရန်ကုန် ဒီဇင်ဘာ ၂၉
သန်လျင်ခရိုင် ဒီဇင်ဘာလူထုအားကစားလ စတုတ္တပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲတွင် စုရပ်ဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ခဲ့ကြောင်း သိရသည်။
သန်လျင်ခရိုင် ဒီဇင်ဘာလူထုအားကစားလ စတုတ္တပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၅၀)ကျော်တို့သည် စုရပ်မှ ကျိုက်ခေါက်ဘုရားလမ်း၊ ဗိုလ်ချုပ်နေဝင်းလမ်းမှတဆင့် ပြည်တော်သာလမ်းထိပ်ထိပါဝင်ဆင်နွှဲကြပြီး အားကစားလေ့ကျင့်ရေးကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ကြသည်။
သန်လျင်ခရိုင် ဒီဇင်ဘာလူထုအားကစားလ စတုတ္တပတ်စုပေါင်းလမ်းလျှောက်ပွဲလာ ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် အဖွဲ့ဝင်များက ကောက်ညှင်းပေါင်း၊ အကြော်နှင့် ရေသန့်ဘူးများ ပေးဝေခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်၊ ပြန်/ဆက်)