ခရမ်းမြို့နယ်၌ ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်) လူထုလမ်းလျှောက်ပွဲကျင်းပ

ခရမ်း ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုလမ်းလျှောက်ပွဲကို ယ‌မန်နေ့နံနက် ၅ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

လမ်းလျှောက်ပွဲတွင် ခရမ်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူစုစုပေါင်း (၁၅၀)ဦးခန့်က သကျမာရဇိန်သွန်း ဘုရားကြီးရှေ့စုရပ်မှ ဘုရားလမ်း-ကျောက်တိုင်လမ်း-အောင်မင်္ဂလာလမ်း-မြေနီလမ်း-(ခရမ်း-ပဲခူး) ကားလမ်း- အောင်သစ္စာလမ်း-ဘုရားလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သကျမာရဇိန် သွန်းဘုရားကြီးရှေ့ကွင်းပြင်၌ ကိုယ်ကာယလေ့ကျင့်ခန်းများကို စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရမ်း(ပြန်/ဆက်)