ကျောက်တန်းမြို့နယ်၌  ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ကျောက်တန်း ဒီဇင်ဘာ ၂၉

“စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်း လျှောက်ပွဲကို(စတုတ္ထပတ်)အဖြစ် ယမန်နေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ်တွင် ကျင်းပရာ မြို့နယ်နေပြည်သူများ ပျော်ရွှင်စွာ ပါဝင်စုပေါင်းဆင်နွှဲခဲ့ကြသည်။

စုပေါင်း လမ်းလျှောက်ပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဦးဆောင်၍  ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်နေပြည်သူများပါဝင်သည့် အင်အား ၂၀၀ ခန့်က ကျောက်တန်းမြို့ သာသနာဗိမ္မာန်ရှေ့မှစ၍ မင်းကျောင်းလမ်းတစ်လျှောက်  လမ်းလျှောက်ကြကာ ကျန်းမာရေးအခြေခံ ကိုယ်ကာယ လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)