သံဖြူဇရပ်နှစ် (၁၅၀) ပြည့်အထိမ်းအမှတ် ကျပန်းစကား​ပြောပြိုင်ပွဲ ကျင်းပ

သံဖြူဇရပ် ဒီဇင်ဘာ ၂၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သံဖြူဇရပ်နှစ် (၁၅၀) ပြည့်အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်​နေ့နံနက်ပိုင်းက အမှတ်(၁)အ​ခြေခံပညာအထက်တန်းကျောင်း(ပညာ့ဗိမာန်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စာ​ရေးဆရာအသင်းအဖွဲ့ဝင် ဦးမင်း​ကျော်ဝင်းက ကျပန်းစကား​ပြောပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဥ်းများကို ရှင်းလင်း​​ပြောကြားသည်။

ထို့​နောက် ပြိုင်ပွဲပြုလုပ်ရာ မြို့နယ်အတွင်းရှိ အ​ခြေခံပညာအထက်တန်း​ကျောင်း၊ အလယ်တန်း​ကျောင်းနှင့် အလယ်တန်း​ကျောင်းခွဲများမှ ​ကျောင်းသား​/ကျောင်းသူ (၁၅)ဦးတို့က "ကျွန်​တော်/ ကျွန်မ၏ ထူးဆန်း​သောအိပ်မက်၊ ကျွန်​တော်/ကျွန်မချစ်​သော သံဖြူဇရပ်၊ ကျွန်​တော်/ကျွန်မ၏ ရည်မှန်းချက်၊ ကျွန်​တော်ရုပ်ရှင်မင်းသား/ကျွန်မရုပ်ရှင်မင်းသမီး၊ ကျွန်​တော်ကျွန်မ စာ​ရေး​ဆရာဖြစ်ခဲ့​သော်” စသည့် ​ခေါင်းစဥ်(၅)ခုဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဆုရ ​ကျောင်းသား​ကျောင်းသူများ၏ ယှဥ်ပြိုင်ခဲ့ကြသည့် ​ခေါင်းစဥ်များအ​ပေါ် ပြန်လည်ခြုံငုံသုံးသပ်ခြင်းကို မြို့နယ်စာ​ရေးဆရာအသင်းအဖွဲ့ဝင် ဦးစံ​သောင်းက သုံးသပ်​ဆွေး​နွေးခဲ့သည်။ အဆိုပါပြိုင်ပွဲဆုရ​ကျောင်းသား​၊ ကျောင်းသူများအား ဒီဇင်ဘာ ၃၁ ရက်​နေ့တွင် ဆုများ အသီးသီးချီးမြှင့်​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)