၂၀၂၄ ခုနှစ် ဒီဇင်ဘာအားကစားလအပတ်စဥ် လူထုလမ်းလျှောက်ပွဲနောက်ဆုံးပတ်ကို စည်ကား သိုက်မြိုက်စွာကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ  ၂၉

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဥ်ဖြင့် ၂၀၂၄ ခု ဒီဇင်ဘာအားကစားလ အပတ်စဥ်လူထုလမ်းလျောက်ပွဲနောက်ဆုံးပတ်ကို ယမန်နေ့နံနက် ၄ နာရီခွဲက လှိုင်သာယာအနောက်ပိုင်း၊ စုပေါင်းရုံး မြို့နယ်မီးသတ်ရုံးရှေ့စုရပ်မှ လူထုလမ်းလျှောက်ပွဲကို စတင်ပြုလုပ်ခဲ့သည်။

အဆိုပါလူထုလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအသင်းများ၊ ဒေသခံပြည်သူများတက်ရောက်ကြသည်။

လူထုလမ်းလျောက်ပွဲကို စုရပ်နေရာမှ စတင်ထွက်ခွာလမ်းလျှောက်ကြပြီး ရပ်နားမည့် သတ်မှတ်နေရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကိုယ်ကာယလေ့ကျင့်ခန်းများကို စနစ်တကျပြသကာ သွေးပူလေ့ကျင့်ခန်းများပြုလုပ်ကြသည်။

လမ်းလျောက်ပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဥ်ဖြင့် လှိုင်သာယာအနောက်ပိုင်း(၁၂) ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ ဘိန်းမုန့်များဖြင့် ကျွေးမွေးပေးခဲ့ကြကြောင်း သိရသည်။

ကျော်သန်း(ပြန်/ဆက်)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဥ်ဖြင့် ၂၀၂၄ ခု ဒီဇင်ဘာအားကစားလ အပတ်စဥ်လူထုလမ်းလျောက်ပွဲနောက်ဆုံးပတ်ကို ယမန်နေ့နံနက် ၄ နာရီခွဲက လှိုင်သာယာအနောက်ပိုင်း၊ စုပေါင်းရုံး မြို့နယ်မီးသတ်ရုံးရှေ့စုရပ်မှ လူထုလမ်းလျှောက်ပွဲကို စတင်ပြုလုပ်ခဲ့သည်။

အဆိုပါလူထုလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအသင်းများ၊ ဒေသခံပြည်သူများတက်ရောက်ကြသည်။

လူထုလမ်းလျောက်ပွဲကို စုရပ်နေရာမှ စတင်ထွက်ခွာလမ်းလျှောက်ကြပြီး ရပ်နားမည့် သတ်မှတ်နေရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကိုယ်ကာယလေ့ကျင့်ခန်းများကို စနစ်တကျပြသကာ သွေးပူလေ့ကျင့်ခန်းများပြုလုပ်ကြသည်။

လမ်းလျောက်ပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဥ်ဖြင့် လှိုင်သာယာအနောက်ပိုင်း(၁၂) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ ဘိန်းမုန့်များဖြင့် ကျွေးမွေးပေးခဲ့ကြကြောင်း သိရသည်။

ကျော်သန်း(ပြန်/ဆက်)