မုဒုံမြို့၌ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲကျင်းပ

မုဒုံ   ဒီဇင်ဘာ  ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဒီဇင်ဘာ (နောက်ဆုံးပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက် ၆ နာရီက အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀) ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါလမ်းလျှောက်ပွဲသို့ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်း အင်အား ၅၀၀ ခန့် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

လူတစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးမှသည်  တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစားလိုက်စားစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကိုဆောင်ရွက်ခဲ့ပြီး ကိုယ်လက်ကြံ့ခိုင်းရေး လေ့ကျင့်ခန်းများ၊ Physical Fitness Dance Exercise လေ့ကျင့်ခန်းများနှင့် အားကစားပြိုင်ပွဲများဖြင့် စုပေါင်းလှုပ်ရှား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)