မိုင်းယောင်း ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီက ကျင်းပခဲ့သည်။
ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်ပြည်သူများ စုစုပေါင်းအင်အား ၁၀၀၀ ဦးက ဟိုခုံဘုန်းတော်ကြီးကျောင်းရှေ့စုရပ်မှ ဗလမင်းထင်လမ်းမကြီးအတိုင်း မြို့နယ်အားကစားကွင်းအထိ လမ်းလျှောက်ခဲ့ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ် (၁/၂)တို့ကို ဆောင်ရွက်ခဲ့ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွဲသူများအား ကောက်ညှင်းပေါင်း၊ မုန့်ဟင်းခါး၊ အကြော်စုံတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
နန်းစီဖေါင်း(ပြန်/ဆက်)