သာကေတမြို့နယ်တွင် လူထုလမ်းလျှောက်ပွဲ(စတုတ္ထပတ်) ကျင်းပ

သာကေတ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာ‌ကေတမြိုနယ်တွင် ၂၀၂၄-ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစု‌ပေါင်းလမ်းလျှောက်ပွဲ (စတုတ္ထပတ်) ကျင်းပခဲ့ရာ ယမန်နေ့နံနက် ၅ နာရီခွဲအချိန်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်းဦးဆောင်၍  မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား (၂၃၀)ဦးခန့်ဖြင့် မြင်တော်သာလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်၍ မြင်တော်သာလမ်းအတိုင်း အမှတ်(၃)ဈေး၊ အမှတ်(၃)ဈေးမှ မြင်တော်သာလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်အားကစားကွင်းအတွင်း စုပေါင်းကိုယ်လက်ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးအားကစားကွင်းတွင် ကျောင်းသား/သူ (၂၄၀)ဦးဖြင့် ဘောလုံးပြိုင်ပွဲ၊ ထုပ်စည်းတိုးပြိုင်ပွဲများအား ဆက်လက် ကျင်းပခဲ့ကြကြောင်း သိရှိရပါသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)