ရပ်စောက်၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရပ်စောက်  ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကလေးများ ကိုယ်ကာယကျန်းမာဖွံ့ဖြိုးစေရန်နှင့်ပျော်ရွှင်မှု ရရှိစေရန်ရည်ရွယ်၍ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းများ ကျောင်းသားကျောင်းသူလေးများက ပန်းပွားအကဖြင့် ကပြဖျော်ဖြေပြီးနောက် အရောင်ရွေး၊ အရုပ်ပိုက်ပြေး၊ အင်္ကျီကြယ်သီးတပ်၊ ခေါင်းအုံးရွက်၊ ပူစီပေါင်းဖောက်၊ ရိုးရိုးပြေး၊ ပုံတူကပ်၊ သံပုရာသီဇွန်းကိုက်၊ ဘောလုံးအရောင်ရွေး၊ အလံစိုက်ပြေး၊ ရေဖြည့်၊ အာလူးကောက်၊ မုန့်စား၊ ဝက်အူရစ်၊ ဖိနပ်ရွေး၊ နို့ဆီဘူးဆင့်၊ လက်ဆင့်ကမ်းစသည့်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ ထို့နောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိခဲ့ကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများစုစုပေါင်း (၄၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)