တာမွေမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တာမွေ  ဒီဇင်ဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ရာ အမှတ် (၂၆) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူလေးများက လွတ်လပ်ရေးနေ့၊ တို့လွတ်လပ်ရေးနေ့ ကဗျာခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား/သူများမှ ဆုရရှိသူများအား ဆုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ချီးမြှင့်ခဲ့ကြသည်။  

အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲအခမ်းအနားသို့ တာမွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ်(၂၆) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ  တက်ရောက်ခဲ့ကြကြောင်းနှင့်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီ:ဌာနက ခင်းကျင်းပြသထားသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထက်အောင်လင်း(ပြန်/ဆက်)