စဉ့်ကိုင်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်‌ရေးနေ့အား ဂုဏ်ပြုကြိုဆို‌သောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရှမ်းကန်ကျေးရွာအုပ်စု၊ ရှမ်းကန်(တောင်)ကျေးရွာ၌  (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးလက်ဒေသဖွဲ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ VDP စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော အရှည် ၂၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင် ၁ ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊  ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ရီရီဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ စုစုပေါင်း အင်အား ၇၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်မှ ကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းခဲ့သည်။

ထို့နောက် ရှမ်းကန်(တောင်)ကျေးရွာနေ ရပ်မိ/ ရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ရီရီဦး၊ ရှမ်းကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)