ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များကင်းစင်ရေး စုပေါင်းအမှိုက်ကောက်ခြင်း၊ အမှိုက်ထည့်ရန် စက္ကူအိတ်များဖြန့်ဝေခြင်းနှင့်ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ညောင်ဦး  ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် ပလတ်စတစ်ကင်းစင်နယ်မြေအဖြစ်သတ်မှတ်နိုင်ရေးစုပေါင်း အမှိုက်ကောက်ခြင်းနှင့်၊ အမှိုက်ထည့်ရန် စက္ကူအိတ်များဖြန့်ဝေခြင်းနှင့် ပညာပေးလက်ကမ်းစာဖြန့်ဝေခြင်းကို  ညောင်ဦး-ကျောက်ပန်းတောင်းသွားကား လမ်းမကြီး၊ တုရင်တောင်လမ်းခွဲမှစတင်၍  မြတ်နိုးသူမြို့ဝင်ဂိတ်အထိ လမ်းဘေးဝဲယာရှိ ပလတ်စတစ်အမှိုက်ကောက်ယူခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင် မြင့်စိုး၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ညောင်ဦးမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခနှင့်ဝန်ထမ်းမျာ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပလတ်စတစ်ကင်းစင်စေရေး Bagan Plastic Campaign အသင်းသူ/သားများ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲမှ ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှဝန်ထမ်းများ၊ Balloons ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်အသင်းမှအသင်း သား/သူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အသင်းသူ/သားများဖြင့် စုပေါင်းပလတ်စတစ်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြ ပြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှဘုရားဖူး လာရောက်ကြသည့် ကားများနှင့်ဈေးရောင်းဈေးဝယ်လာသည့် ကားများ၊ မော်တော်ဆိုင် ကယ်စီနင်းသူများအား တို့ကမ္ဘာမြေသာယာဖို့  အမှိုက်စနစ်တကျ စွန့်ပစ်စို့ စက္ကူအိတ်များဖြန့်ဝေခြင်း၊  ပလတ်စတစ်စနစ်တကျစွန့်ပစ်ရေး ပညာပေးလက်ကမ်းစာစောင်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှထုတ်ဝေသည့် ကမ္ဘာမြေထိန်းသိမ်းခြင်း လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း