ရပ်စောက်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

ရပ်စောက် ဒီဇင်ဘာ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)နှင့် တပ်မတော်(ကြည်း)အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းတို့တွင် ၂၁-၉-၂၀၂၄ ရက်နေ့မှ ၂၇-၁၂-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းပွဲ အမှတ်စဉ်(၆/၂၀၂၄)ကို ယမန်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ တပ်မတော်အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား(၆၅)ဦးတို့တက်ရောက်ခဲ့ပြီး ဗိုလ်သင်တန်းကျောင်း(ဗထူး)ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားကာ ဆုရရှိသင်တန်းသားများအား ဆုချီးမြှင့်ခြင်းနှင့် အခြားသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အလားတူ တပ်မတော်(ကြည်း)အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းတွင်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးကျော်သူလှိုင်၊ တပ်မတော်အရာရှိကြီး များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများ၊ သင်တန်းသား(၆၂၈)ဦးတို့ တက်ရောက်ခဲ့ကြပြီး အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်း ကျောင်းအုပ်ကြီးက သင်တန်းသားများအား သင်တန်းဆင်းမိန့်ခွန်းပြောကြားကာ ဆုရရှိသင်တန်းသားများအား ဆုချီးမြှင့်ခြင်းနှင့် အခြားသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)