ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ၊ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား အခြေခံစားကုန်များပေးအပ်ချီးမြှင့်

စစ်တွေ ဒီဇင်ဘာ ၂၈

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ  ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့မှ စစ်တွေမြို့၊ ဓညဝတီအားကစား ကွင်းအထိ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပခဲ့သည်။

စုပေါင်းလမ်းလျှောက်ပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စတင်ဖွင့်လှစ်ပေးပြီး လမ်းလျောက်ပွဲကိုပါဝင် ဆင်နွှဲကြသည်။

ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ စုရပ်မှစတင်ကာ မေယုလမ်းတစ်လျောက် ထို့မှတစ်ဆင့် သတ္တဌာနလမ်းမှ စစ်တွေမြို့ ဓညဝတီအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြပြီး အားကစားကွင်း ပွဲကြည့်စင်ရှေ့၌ စုပေါင်းကိုယ်လက် ကြံခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၅၀၀) ကျော်တို့ ပါဝင်ဆင်နွှခဲ့ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သူရိယစန္ဒာဝင်းကုမ္ပဏီတို့က ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများအတွက် ပေးအပ်ချီးမြှင့်သည့် အခြေခံစားကုန်များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဝန်ထမ်းများအား ဆန်၊ ဆီ၊ ပဲနှင့် ဆားများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခြေခံစားကုန်များကို ပေးအပ်ချီးမြှင့်ကြသည်။

ထိုသို့ဝန်ထမ်းများအတွက် အခြေခံစားကုန်များ ချီးမြှင့်ပေးအပ်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် ဆန်(၁၀၀)အိတ်၊ ပဲ(၁၀၀၀)ပိဿာ၊ ဆား(၁၀၀)ပိဿာ၊ ဆီ(၂၅၀) ပိဿာနှင့် စည်သွတ်ဘူး(၅၀၀)ဘူး တို့ဖြစ်ပြီး သူရိယစန္ဒာဝင်းကုမ္ပဏီက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀၀) ခန့်တန်ဖိုးရှိ ကြက်သားစည်သွတ်ဘူး(၂၆၄၀)ဘူး၊ ကြက်သွန်နီ(၂၂၅၀)ပိဿာ၊ ကြက်သွန်ဖြူ(၃၁၈)ပိဿာ၊ ငရုပ်သီးခြောက်(၄၀၀)ပိဿာ၊ မာမားခေါက်ဆွဲ(၁၈၀၀၀)ထုပ်၊ ကြာဆံ (၁၀၉)အိတ်နှင့် ရွှေကျီးကိတ်ခြောက် (၂၀၀၈)ထုပ်တို့ကို ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း( ပြန်/ဆက်)