တာချီလိတ်မြို့၌ ဒီဇင်ဘာလ (စတုတ္ထပတ်)စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

တာချီလိတ်  ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူများကိုယ်လက်ကျန်းမာကြံ့ခိုင်ပြီး လမ်းလျှောက်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ် ၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာလ (စတုတ္ထပတ်)စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ခရိုင်/မြို့နယ် စုပေါင်းရုံး စုရပ်မှစတင် ကျင်းပခဲ့သည်။

လမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများ ခရိုင်/မြို့နယ် စုပေါင်းရုံးမှတဆင့် ဗိုလ်ချုပ် လမ်းမကြီးအတိုင်း မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်-၂ တံတားအနီးရှိ မြို့မအားကစားကွင်းအတွင်းသို့ လမ်းလျှောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁)၊ အတွဲ (၂) လေ့ကျင့်ခန်းများ တပျော်တပါးပျော်ရွှင်စွာ စုပေါင်းပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး လမ်းလျှောက်ပွဲတွင်ပါဝင်ဆင်နွှဲကြသော ပြည်သူများအား ကောက်ညှင်းပေါင်းနှင့် အကြော်များ ပေးဝေခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)