စမ်းချောင်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ စတုတ္ထပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

စမ်းချောင်း ဒီဇင်ဘာ ၂၈

တစ်မျိုုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ဒီဇင်ဘာ အားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အဆိုပါလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲတွင် ​စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အားကစားဝါသနာပါသူလူငယ် လူရွယ်များနှင့် ဒေသခံပြည်သူလူထု (၄၀၀) ဦးခန့်က စမ်းချောင်းမြောက်ရပ်ကွက်၊ ဗားကရာလမ်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် စုရပ်ပြုလုပ်၍ဗားကရာလမ်းမှ ပြည်လမ်း၊ စမ်းချောင်းလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ပြီး ပဒုမ္မာဘောလုံးကွင်းအတွင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)