စာဖတ်ရှိန်မြှင့်တင်ရေး အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တို့ပူးပေါင်း၍ ယမန်နေ့နံနက်က အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျေုာင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်းထွန်းနှင့် ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်တို့က အဖွင့်အမှာ စကားများပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူမှ “ပညာမြင့်မှလူမျိုးတင့်မည်”၊ “လူငယ်နှင့်ကျန်းမားရေး”၊ “ကျွန်တော့်ရည်မှန်းချက်”၊ “မြတ်ဆရာ”၊ “လွတ်လပ်ရေးနေ့တို့မမေ့” စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဆုပေးပွဲကျင်းပပြုလုပ်ခဲ့ရာ  ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဒေါ်ခင်ချိုက အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပထမဆုရရသော (အ.ထ.က-၁)မှ မစန်းစန်းမော်၊ ဒုတိယဆုရရှိသော မေတ္တာကိုယ်ပိုင်ကျောင်းမှ မမြင့်မိုရ်ခန့်၊ တတိယဆု ရရှိသော (အ.ထ.က-၃)မှမောင်လွှမ်းမိုးနိုင်နှင့် အထူးဆုရရှိသော အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)၊ (အ.ထ.က)ဟန်မြင့်မိုရ်၊ (အ.ထ.က-၁)၊ (အ.ထ.က)မှိုင်းပန်၊ (အ.ထ.က-၄)မှ  ကျောင်းသား/ကျောင်းသူများအား အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်တင်တင်ထွေး၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဒေါ်ခင်ချိုနှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတရသစာအုပ်များ၊. သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များ၊  ပတ်ဝန်းကျင်အရည်အသွေးတိုင်းတာသည့် စက်ကိရိယာများနှင့် သစ်မျိုးများ၊ ဝါးမျိုးနမူနာများအား ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူ များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။   

သက်မောင်(ကျောက်ဆည်)