သံဖြူဇရပ် ဒီဇင်ဘာ ၂၈
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်ကာ သံဖြူဇရပ်မြို့၊ အ.ထ.က(၂)၊ အ.ထ.က(ကျုံကဒတ်)နှင့် အ.ထ.က(ကျိုက္ခမီ)စသည့်စာဖြေဌာန ၃ ခုတို့၌ ကျင်းပပြုလုပ်သည်။
စာမေးပွဲဖြေဆိုရာတွင် စာမေးပွဲကျင်းပရေးတာဝန်ခံတို့က ဖြေဆိုကြရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဖြေဆိုသူတို့က (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲအား (အငယ်တန်း) (အလတ်တန်း) (အကြီးတန်း) အဆင့်ကို ဖြေဆိုကြရာစာဖြေသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်တာဝန်ရှိသူတို့က ကြီးကြပ်စောင့်ရှောက်ပေးကြကာ အလှူရှင်များက အချိုရည်များဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါစာမေးပွဲတွင် သံဇရပ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ အခြေခံပညာကျောင်းများမှ သာမဏေ၊ သီလရှင်နှင့် ကျောင်းသားကျောင်းသူ စုစုစုပေါင်း (၅၃၈) ဦးတို့ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)