မိတ္ထီလာမြို့၌ ၂ဝ၂၄ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်း လျှောက်ပွဲကို ယနေ့နံနက် နာရီ ၃၀ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမနှင့် ဗိုလ်ချုပ်ကြေးရုပ်အနီးမှ ရတနမာရ်အောင်ရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြောင်းသိရသည်။

 အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြိုနယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုလတ်ထွေးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ သူပြုသင်တန်းကျောင်းမှ သူနာပြုဆရာမများနှင့် သင်တန်းသားသင်တန်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမနှင့်ဗိုလ်ချုပ်ကြေးရုပ်အနီးမှ ရတနမာရ်အောင်ရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကြသည်။ ထိုနောက် ခရိုင်အားကစားကွင်းတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ (၁) နှင့် အတွဲ (၂) ကို စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)