သထုံမြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲပြုလုပ်

သထုံ   ဒီဇင်ဘာ    ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လှုပ်ရှားမှုအဖြစ် လူထုလမ်း‌လျှောက်ပွဲကိုယနေ့နံနက်က စုပေါင်းကျင်းပပြုလုပ်ခဲ့သည်။

စုပါင်းလမ်းလျှောက်ပွဲတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ စုစုပေါင်းအင်အား(၃၀၀)ကျော်တို့က အောက်ကျင်းရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးရှေ့မှ နန်းခဲရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအတွင်းသို့ စု‌ပေါင်းလမ်းလျှောက်ကြကာ အားကစားကွင်း၌ ကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်းနှင့် အားကစားအစီအစဉ်များကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)