ကျေးသီးမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကျေးသီး ဒီဇင်ဘာ ၂၈

၂၀၂ခုနှစ် ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၅ နာရီခွဲခန့်က ကျေးသီးမြို့၊ တြိဂံလမ်းဆုံ၌ စုရပ်ပြုလုပ်၍ ကျင်းပသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ ဦးဆောင်၍ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြသည်။

စုပေါင်းလူထုလမ်းလျှောက်ပွဲပါဝင်ဆင်နွဲသူများသည် စုရပ်ဖြစ်သော တြိဂံလမ်းဆုံမှ ကျေးသီး-မိုင်းရယ် လမ်းမကြီးအတိုင်း (၂)မိုင်ဘုရားအထိထိုမှ စဝ်ရွှေမှုံလမ်းမှမြို့နယ်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်အားကစားကွင်းတွင် အကြောလျော့ လေ့ကျင့်ခန်းများ ဆောင်ရွက်ကာ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းပါဝင်ဆောင်ရွက်သူများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများတို့မှ ရေသန့်ဘူး၊ ကောက်ညှင်းပေါင်း၊ အကြော်စုံတို့ဖြင့် နံနက်စာ တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

နန်းဗွေခမ်း