ပေါင် ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ယခုနှစ်သည် (၇၇)နှစ် မြောက်လတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများက အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ အခမ်းအနားကို နှစ်ချိန်ခွဲပြီး ပြုလုပ်ဆောင်ရွက်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် အလေးထားပြီး အခမ်းအနားကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးက အခမ်းအနားကို စနစ်တကျရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးရဲထွန်းက လျှပ်စစ်မီးများ လှပကောင်းမွန်အောင်ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်တင်အောင်ဟိန်းကလည်း အလံတင်အခမ်းအနားနှင့် အလေးပြုခြင်းကို ရဲတပ်ဖွဲ့ဝင်များက ဦးဆောင်၍ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားဆွေးနွေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ဌာနဆိုင်ရာများကလည်း လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားကြဖို့နှင့် အထက်ပါဆွေးနွေးခဲ့သည့်အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)