ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသားစေလွှတ်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄) အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းသားစေလွှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်း‌ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  အခမ်းအနားတွင် ဇေယျာသီရိခရိုင် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောနိုင်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယ ဗိုလ်မှူးကြီး ဇေယျာမင်း၊ ဒုတိယရဲမှူးကြီး မောင်မောင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ဦးစီးမှူး ဦးဇော်မြင့်၊ ဦးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူး ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်နွယ်နီခိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဇေယျာသီရိခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း၊ ဒုတိယရဲမှူးကြီး မောင်မောင်ဦး၊ လဝကဦးစီးမှူး ဦးဇော်မြင့်တို့မှ  ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် ပြဌာန်းထားသည့် ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်မှ ဆွေးနွေးပြောကြားခဲ့သည်။

ဇေယျာသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်မှ ဆွေးနွေး တင်ပြခြင်း၊ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ သိရှိလိုသည်များ မေးမြန်းခဲ့ရာဥက္ကဋ္ဌ ဦးစောနိုင်နှင့် အဖွဲ့ဝင်များမှ ပြန်လည်ဖြေကြားပေးခြင်း၊ ဇေယျာသီရိ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

နန်းရွှေရတီ