ကျောက်ဆည်မြို့တွင် ဒီဇင်ဘာအားကစား လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြုလုပ်

ကျောက်ဆည် ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒီဇင်ဘာအားကစား လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီက ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စုရပ်အဖြစ်စတင်ခဲ့ပြီး ရွှေရတီမီးပွိုင့်-ရန်ကုန်-မန္တလေး ကားလမ်း-လက်ပြတိုင် မီးပွိုင့်၊ ခရိုင်တရားရုံးလမ်းဆုံ-ပြည်သူ့အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

စုပေါင်းလမ်းလျှောက်ပွဲသို့ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲဝင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၂၅၀)ဦး စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

စုပေါင်းလမ်းလျှောက်အဖွဲ့သည် မြို့နယ်အားကစားကွင်းတွင် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲအမှတ်(၁)၊ (၂) နှင့် Fitness Dance အကတို့ကို စုပေါင်း၍ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)