ဆီဆိုင်မြို့နယ်၌ ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ

ဆီဆိုင် ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနယ်(လ်)ဆင်လှမြိုင်က မီးသတ်ဆေးဘူးများထားရှိရေး၊ ဆေးဘူးများကို စနစ်တကျ အသုံးပြုတတ်စေရေး၊ အခြေခံမီးသဘောတရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင်ကာကွယ်ရမည့် ပစ္စည်းများထားရှိရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျကြိုတင်ဆောင်ရွက်ရေး၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးအတန်းအစားများအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း(၄)နည်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဘုရားဖြူအခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်မှု မီးသတ်ဆေးဘူးကို ရေစိုအဝတ်ဖြင့် လက်တွေ့သရုပ်ပြခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ကြောင်း သိရသည်။

ပွင်းလင်းရာသီတွင် ဆီဆိုင်မြို့နယ်၌ မီးလောင်မှုမီးလန့်မှုများမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းငြှိမ်းသတ်နည်းအတွက် ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများနှင့်အတူ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)