ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဥ် ဆောင်ရွက်

ဒေါပုံ ဒီဇင်ဘာ ၂၇

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဥ်ကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က အမှတ်()အခြေခံပညာအလယ်တန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG တန်း ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အာဟာရပြည့်ဝသောနေ့လယ်စာများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်()အခြေခံပညာအလယ်တန်းကျောင်းတို့မှ တာဝန်ရှိသူများက သန့်ရှင်းလတ်ဆက်စွာ ချက်ပြုတ်၍ KG တန်း ကျောင်းသား၊ ကျောင်းသူလေးများအား ကျွေးမွေးခဲ့ကြပါသည်။ အဆိုပါ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)