အလုံမြို့နယ်၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း​ကွင်းဆင်း ဆောင်ရွက်

အလုံ  ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း​ကို အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းတွင်ဆောင်ရွက်ခဲ့ရာ KG ကျောင်းသား (၂၀)ဦးအား​ အာဟာရကျွေးမွေးခြင်း၊ အာဟာရ(၃)အုပ်စုအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းအား သရုပ်ပြဟောပြောခြင်းနှင့် အဏုအာဟာရမှုန့်များဖြန့်ဝေခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယောဧရာ (မြို့နယ်ပြန်/ဆက်)