လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာအခြေခံများ သင်ကြားပို့ချ

လှည်းကူး ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာအခြေခံများ သင်ကြားပို့ချခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ထိုသို့သင်ကြားပို့ချရာတွင် လှည်းကူးခရိုင်၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်စောယုဝေကဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်ပတ်သက်သော ဥပဒေဆိုင်ရာအခြေခံများအကြောင်းကို သင်ကြားပို့ချခဲ့သည်။ ဆက်လက်ပြီး လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာရေးဘာသာရပ်ဌာနမှ ဆရာ၊ ဆရာမများက သင်ကြားပို့ချချက်များကိုမေးခွန်းထုတ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းမေးခွန်းများကိုဖြေဆိုခဲ့ရာ အဖြေမှန်သူဆရာမ(၁)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၂)ဦးတို့အား တာဝန်ရှိသူများက ဆုလက်ဆောင်များကိုချီးမြှင့်ခဲ့ပြီး အဆိုပါသင်ကြားပို့ချခြင်းကို ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွင်း တစ်လလျှင် စာသင်ချိန်(၂)ချိန် သင်ကြားပို့ချသွားမည်ဖြစ်သည်။

ဥပဒေဆိုင်ရာအခြေခံများသင်ကြားပို့ချခြင်းကို လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်အေးအေးလွင်၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၉၅၅)ဦးခန့်တက်ရောက်၍ လေ့လာမှတ်သားခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)