မဟာအောင်မြေ ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ အိုးဝေ (မြေနီကျင်း) ရေးသားသော “အမွေအနှစ်ကို နံ့သာလိမ်း ပန်းပန်ရုံဖြင့် မရပါ” ခရီးသွား ဆောင်းပါးများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမကြီး ခင်ခင်ဝင်း (ပညာရေး) က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ စာရေးဆရာ အိုးဝေ (မြေနီကျင်း) က “အမွေအနှစ်ကို နံ့သာလိမ်း ပန်းပန်ရုံဖြင့် မရပါ” စာအုပ်ပါ ခရီးသွားဆောင်းပါးများအကြောင်း သိကောင်းစရာများကို မိတ်ဆက်ဆွေးနွေး သည်။
ထို့နောက် စာရေးဆရာ အိုးဝေ (မြေနီကျင်း) ရေးသားသော “အမွေအနှစ်ကို နံ့သာလိမ်း ပန်းပန်ရုံဖြင့် မရပါ” စာအုပ်ပါ ခရီးသွားဆောင်းပါးများနှင့်ပတ်သက်၍ အမျိုးသားစာပေဆုရ စာရေးဆရာမကြီး ယဉ်ယဉ်နု(မန္တလေး)၊ စာရေးဆရာဝေမင်းသန့်၊ စာရေးဆရာမ စောဥမ္မာမြင့်၊ စာရေးဆရာမ ရွှေမိ (မန်းတက္ကသိုလ်)နှင့်စာပေချစ်မြတ်နိုးသူများက သူအမြင်ကိုယ့်အမြင်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့သည်။
ယင်းနောက် စာရေးဆရာ အိုးဝေ(မြေနီကျင်း)က “အမွေအနှစ်ကို နံ့သာလိမ်း ပန်းပန်ရုံဖြင့် မရပါ” ခရီးသွားဆောင်းပါးများ စာအုပ်များကို မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွက် လှူဒါန်းရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း