ကျိုင်းတုံ ဒီဇင်ဘာလ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ဒီဇင်ဘာလ ၂၄ က ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကျိုင်းတုံမြို့တွင် ဆောင်ရွက်သည်။
ဟောပြောပွဲတွင် ကျိုင်းတုံခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်က မီးဘေးအန္တရာယ်ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ လူနေအိမ်၊ ရုံးအဆောက်အဦများတွင် ဖြစ်တတ်သည့် မီးဘေးအန္တရာယ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့်အချက်များ စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် သတိပြုဆောင်နိုင်ရေး အသိပညာပေး ဟောပြောသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးသူထိုက်နှင့် တပ်ဖွဲ့ဝင်များက လက်တွေ့ ဒယ်အိုးမီးငြှိမ်းသတ်ခြင်း၊ Gas မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် ဆီ/ မီးငြှိမ်းသတ်ခြင်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)